သီပေါမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား တာဝန်ရှိ သူများကြည့်ရှုစစ်ဆေး

သီပေါ မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများကို ယနေ့နံနက် (၉)နာရီက အမှတ်(၂၃) ခြေလျင်တပ်ရင်း ဘောလုံးကွင်း အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များအား မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လာပါ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းပြသပြီး ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများကို လက်တွေ့ သရုပ်ပြသဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သဘာဝဘေးသည် ကြိုတင်မှန်းဆ၍ မရပါကြောင်း၊ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် အတူဌာနဆိုင်ရာဝန်ထမ်းများ အားလုံးဝိုင်းဝန်းပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ကော်မတီအလိုက် စုဖွဲ့ထားရှိမှုတို့အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)