သံတောင်ကြမြေို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းပြုလုပ်

သံတောင်ကြီး မေ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ပြောင်းလဲဆောင်ရွက်ခွင့်ရသည့် ရွှေနန်းကြီးကျေးရွာနှင့် ရွှေနန်း ကလေးကျေးရွာအား မြစိမ်းရောင်စီမံကိန်းအ‌ကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန် ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့အောင်မြင်စေရန်၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းနိုင်ရန်နှင့် ကျေးလက်ဥပဒေများသိရှိစေရန် ရည်ရွယ်ပြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ရှင်းလင်းပို့ချပေး ခဲ့ပြီးအဆိုပါ သင်တန်းတွင် ဒေဒါခိုကျေးရွာမှမြစိမ်းရောင်ကောင်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။       

စောမင်းသား(ပြန်/ဆက်)