သတင်းများ

ဟိုပန်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ပြသခြင်းဆောင်ရွက်
May 12,2023
သဘာဝဘေးအန္တရာယ်များ  ကြိုတင်ကာကွယ်နိုင်ရေးနှင့်အရေးပေါ် တုံပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်းပြုလုပ်ရာ
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေး ထုတ်ပြန်ချက်အား အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက် (၈)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများတွင် Hand Speaker ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသ
May 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြသထားကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ
May 12,2023
မကွေးတိုင်းဒေသ​ကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယ၌ မိသားစုတစ်ပိုင်တစ်နိုင်စိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
May 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်ကြရာ ဉယျဉ်ခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း ဟင်းသီးဟင်းရွက်ပင်များစိုက်ပျိုးရောင်းခြခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေ
May 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၌ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယာရီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပြည်လည်ထောက်ပံ့
May 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယာယီနေရပ်စွန့်ခွာ ပြည်သူများသို့ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်မှ ယမန်နေ့နံနက်ပိုင်းတွင် ပြည်လည်ထောက်ပံ့ပေးအပ်သည်။
လောက်ကိုင်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
May 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။