မြင်းခြံ မေ ၁၁
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝလေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာပြသ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ပြည်သူများ မုန်တိုင်းဘေးအပြင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်များ၊ လိုက်နာပြုလုပ်ရမည့် အချက်များကို သိရှိစေရန်အတွက် Online Facebook Page မှ ထုတ်လွှင့်ခြင်းအပြင် လမ်းသွားလမ်းလာများလည်း ဖတ်ရှုနိုင်စေရန် အတွက် မြေစိုက်နံရံကပ်ဘုတ်မှာ ပြသခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ မုန်တိုင်းဘေး အသိပညာပေးပြဘုတ်တွင် မုန်တိုင်းတိုက်ခတ်သည့်အခါ ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ခြင်း ဖြစ်ပေါ်က လိုက်နာရမည့်အချက်များ၊ မုန်တိုင်းအတွက် သတိပြုလိုက်နာရန် အချက်များ၊ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းဘေးအန္တရာယ်အပါအဝင် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် အရေးပေါ်ဖုန်းနံပါတ်များနှင့် နီးစပ်ရာ မီးသတ်စခန်းများ၊ ကူညီကယ်ဆယ်ရေးအသင်း များသို့ ဆက်သွယ်အကူအညီတောင်းရန် ညွှန်ကြားချက်များပါရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)