သံတောင်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်

သံတောင်ကြီး မေ  ၁၁

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ် ၂၀၂၃ - ၂၀၂၄  ပညာသင်နှစ်  အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ  ဦးညီညီအောင်က အခြေခံပညာကျောင်းများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် အုပ်စုမှူးတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက သံတောင်ကြီးမြို့ အထကကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဉက္ကဋ္ဌက သံတောင်ကြီးမြို့နယ်ရှိ  ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်   ဆရာ/ဆရာမများမှ  ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ကြရန် ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးတင့်ဝေက သံတောင်ကြီးမြို့နယ်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ကျောင်းများ ဖွင့်လှစ်နိုင်မည့် အခြေအနေအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီးဇိုင်းယာန်းနှစ်ခြင်း အသင်းတော်မှ ဆရာတော်ဒူသူက သံတောင်ကြီးမြို့ရှိအခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အသင်းတော်မှတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာ ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများက မိမိတို့ကျောင်း များ ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဉက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

နော်နော်မူ