ကြာအင်းဆိပ်ကြီး မေ ၁၁
ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအသားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအရ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိရတနာဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါတရားမဝင်းဆေးဝါးများဖြစ်သည့် Hemas Mandalar Pharmaceutical Ltd. ၏ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများဖြစ်သော Creator long Tablet ( Rosuvastatin lomg) (2507 AA 5687) နှင့်ပုံစံတူ တရားမဝင်ဆေးဝါးများအား ဆေးဆိုင်များတွင် ကျယ်ပြန့်စွာ ရောင်းချနေမှုများအားတွေ့ရှိရပြီး အဆိုပါတရားမဝင်ဆေးဝါးများမှာ Hemas Mandalar Pharmaceuticals Ltd. မှ ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများနှင့် Brand Name ဆင်တူ၍ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိဘဲ English ဘာသာမဟုတ်သော အခြားဘာသာဖြင့် ဖော်ပြထားပြီး အရည်အသွေး ဘေးအန္တရာယ်ကင်းရှင်းမှု အာမခံချက် လုံးဝမရှိသဖြင့် ဆေးဆိုင်များတွင် တင်သွင်းရောင်းချမှုများ မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)