ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်

ချမ်းမြသာစည်  မေ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၈လမ်းနှင့် ၆၀(A) လမ်းထောင့် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် ၁၁၀ လမ်းထောင့်များတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးနိုင်ရေး ဆိုင်းဘုတ်ပိုစတာများ စိုက်ထူလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးလှုပ်ရှားမှုပိုစတာများကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌  စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)