သတင်းများ

ပင်းတယ၌ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး
May 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သိန္နီမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်း အချိန်က စတင်ကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
သီပေါမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် ပြည်သူများ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရေး ဈေးကွက်စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ၊ ကုန်ညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်းနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်ရှိ သီပေါအကျဉ်းထောင်တွင်စာတတ်မြောက်ရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သီပေါအကျဉ်းထောင်၌ ပြစ်မှုကျူးလွန်၍ ထောင်ဒဏ်ကျခံနေရသည့် စာမတတ်သည့် အကျဉ်းသား၊အကျဉ်းသူများအာ စာတတ်မြောက်လာစေရေး လူမှုဘဝမြင့်မားလာစေရေးတို့နှင့်အတူ နိုင်ငံအတွင်း စာမတတ်သူဦးရေ လျော့ချနိုင်ရေး တို့အတွက် ရည်ရွယ် ဖွင့်လှစ်သည့်စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအားထောက်ပံ့
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မိုင်းစံမြို့လူထုအခြေပြု (Community  Centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk  Show ဆောင်ရွက်
May 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်ခန့်က  မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
တီးတိန်မြို့၌ မုန်တိုင်းအန္တရာယ်မှကြိုတင်ကာကွယ်ရန် ယာယီတိမ်းရှောင်စခန်းရှိပြည်သူများအား နေအိမ်များသို့စနစ်တကျ ပြန်လည်ပို့ဆောင်
May 16,2023
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းဦးဆောင်မှုဖြင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်ကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများသည် မေ ၁၅ ရက်နေ့က သဘာဝဘေး ယာယီတိမ်းရှောင်စခန်း ခွာဒိုခန်းမရှိ ပြည်သူများထံသို့ သွားရေက်ခဲ့ကြသည်။