သတင်းများ

(၆၅) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ(မြန်မာဘာသာ) ကျင်းပ
May 16,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတဓမ္မဗိမာန်တော်ကြီး၌ (၆၅) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ (မြန်မာဘာသာ) ကို (၁၅.၅.၂၀၂၃) ရက်နေ့မှ (၁၇.၅.၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ
May 16,2023
ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှု ရှိလာသဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပန်လုံမြို့၊ ရပ်ကွက်(၁)ရှိ ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထိုးနှံပေးခဲ့ပါသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ကွန်ကရစ်လမ်း ရေကျော်ချောင်းပေါင်း ရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးမှု သွားလာရေးအဆင်ပြေစေရန် ပြန်လည်ပြုပြင်ထိန်းသိမ်း
May 16,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မေ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသွား သုံးမိုင်ခွဲ ကွန်ကရစ်လမ်းပေါ်ရှိ ကျွဲတံခါးကျေးရွာ အနီး ကျွဲတံခါးရေကျော်ချောင်းပေါင်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ
တံတားဦးမြို့၌ ရေလုပ်သားများ ငါးများတိုးပွားရရှိသောကြောင့် မိသားစုစားဝတ်နေရေးဖူလုံ
May 16,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်ရေလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြုလုပ်နေကြသည့် တံငါလုပ်သားများသည် ယခုနှစ်တွင် ငါးဈေးကောင်းရရှိ၍ ရှာဖွေသူများ ဝင်ငွေတိုးကာ မိသားစုစားဝတ်နေရေး ဖူလုံကြောင်းသိရသည်။
မင်းတုန်းမြို့နယ်တွင် နွေနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
May 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ဖေဖော်ဝါရီလတွင် နွေ‌နှမ်းများ စိုက်ပျိုးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း၍ တောင်သူများအား အသိပညာပေးစိုက်ပျိုးစေရာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အက်ကွဲခဲ့သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်း
May 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင် (တောင်) ကျေးရွာ၌ မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အက်ကွဲခဲ့သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ်တွင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
May 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ် စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် “လူ့ဘ၀ လူ့အဓိပ္ပါယ်နှင့် လူသာပဓာန”စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် Mask Campaign နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်း ဆောင်ရွက်
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး Mask Campaign များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မစျေးထောင့်နှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။