သတင်းများ

ချင်းပြည်နယ်သဘာဝဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
May 16,2023
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မုံးကိုးမြို့တွင် ဒေသခံရဲသင်တန်းဆင်း တပ်ဖွဲ့ဝင်များအား ဌာနဆိုင်ရာများနှင့် ပြည်သူများက ကြိုဆို
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ရဲသင်တန်းသို့ သွားရောက်တက်ခဲ့သော ဒေသခံရဲတပ်ဖွဲ့ဝင်များအား ရှေ့တန်းအမှတ်တပ်မ (၉၉) တပ်မမှူး၊ ဉီးစီးအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ယမန်နေ့ နေလယ် (၁း၃၀)အချိန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရှိခဲ့ရပါသည်။
မိုင်းယုမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူ
May 16,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရန်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။
ပေါင်းတည်မြို့နယ်၌ လေဘေးသင့်ထိခိုက်ပျက်စီးမှုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
May 16,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မေလ ၁၄ ရက် နေ့လယ်ပိုင်းက အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ကျော်ဖြတ်တိုက်ခတ်မှုအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌လည်း လေပြင်းတိုက်ခတ်ခံရ၍ ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 16,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် သဘာဝပိုးသတ်ဆေးနှင့် အဝါရောင်ပိုးထောင်ချောက် များထောက်ပံ့
May 16,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝပိုးသတ်ဆေးနှင့် အဝါရောင်ပိုးထောင်ချောက်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာအုပ်စု အင်းကုန်းကျေးရွာရှိ ကွင်းအမှတ် (၄၆၂)သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းလှမြို့၌ သဘာဝဘေးရှောင်စခန်းများတွင် ယာယီနေထိုင်သည့် ပြည်သူများ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့
May 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အတွက် အ.မ.က(တောင်ရပ်ကွက်)နှင့် ဦးကင်းဘုရားဓမ္မာရုံတို့တွင် ယာယီခိုလှုံနေသည့် ပြည်သူများသည် ယမန်နေ့ နေ့လယ် ၂ နာရီက မိမိတို့၏ နေအိမ်များသို့ ပြန်လည်‌ပြောင်းရွှေ့ကြောင်း သိရသည်။