သီပေါ မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သီပေါအကျဉ်းထောင်၌ ပြစ်မှုကျူးလွန်၍ ထောင်ဒဏ်ကျခံနေရသည့် စာမတတ်သည့် အကျဉ်းသား၊အကျဉ်းသူများအာ စာတတ်မြောက်လာစေရေး လူမှုဘဝမြင့်မားလာစေရေးတို့နှင့်အတူ နိုင်ငံအတွင်း စာမတတ်သူဦးရေ လျော့ချနိုင်ရေး တို့အတွက် ရည်ရွယ် ဖွင့်လှစ်သည့်စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပညာ)ဒေါက်တာဝင်းဖေ၊ သီပေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ် အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်း၊မြို့နယ်ပညာရေးမှူးဦးထိန်လင်းနှင့် သီပေါအကျဉ်းထောင် တာဝန်ခံ အရာရှိ ဦးစိုးသီဟတို့က အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးထိန်လင်းမှ စာတတ်မြောက်ရေးလုပ်ငန်းစာသင်ဝိုင်းများတွင် အသုံးပြုနိုင်ရန်သင်ထောက်ကူကားချပ်များ၊ ဗလာစာအုပ်၊ ခဲတံများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းပြင်ပ တစ်သက်ပညာရေးဦးစီးဌာနက စာတတ်မြောက်ရေးလုပ်ငန်းအစီရင်ခံစာ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ သီပေါအကျဉ်းထောင်တာဝန်ခံအရာရှိက လက်ခံရယူခဲ့ကြောင်း သိရသည်။
သီပေါအကျဉ်းထောင်တွင် စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို မေလ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံဆဲ အခြေခံပညာအထက်တန်းအောင်နှင့် ဘွဲ့ရပညာသင်ကြားဖူးသူအကျဉ်းသား၊ အကျဉ်းသူစေတနာလုပ်အားပေး နည်းပြ (၁၄)ဦးနှင့် ကြီးကြပ်သူ(၂)ဦး တို့က စာမတတ်သူ (၃၀)ဦးအား စာသင်ဝိုင်း(၃)ဝိုင်းစုဖွဲ့၍ (၁)ရက်လျှင် (၃)နာရီ၊ ရက်ပေါင်း(၄၀)ကြာ အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားခြင်းတို့နှင့် အတူလူမှု ဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)