သတင်းများ

ပျဉ်းမနားမြို့၊ မင်္ဂလာကန် သဲနုံးများ တူးဖော်ရေးလုပ်ငန်း ၁၈ ဒသမ ၄၀ ရာခိုင်နှုန်း ပြီးစီး
May 16,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာကန်အတွင်း သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို မေလ ၁၃ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခဲ့သည့် မိသားစုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ(၁၄)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီးခဲ့သည့် မိသားစုများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ညနေ (၄)နာရီက အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမိသားစုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်များ ထောက်ပံ့ပေးအပ်
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမိသားစုများအား ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အချို့ရပ်ကွက်များရှိ သစ်ပင်ကြီးများပြိုလဲ
May 16,2023
စစ်ကိုင်းမြို့တွင် မေ(၁၄)ရက်၊ ညပိုင်းက ဆိုင်ကလုန်မုန်တိုင်း(မုန်ခါ)၏ တိုက်ခတ်မှုကြောင့် ရပ်ကွက်အချို့ရှိ သက်တမ်းရင့်သစ်ပင်ကြီးများ ပြိုလဲခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့တွင် လေပြင်းဒဏ်ကြောင့် ကြက် မွေးမြူရေးခြံများ ပျက်စီးမှုရှိ
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မေလ ၁၄ ရက်နေ့က လေပြင်းဒဏ်ကြောင့် ကြက်မွေးမြူရေးခြံများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ဖျာပုံမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောအိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံ့ငွေပေးအပ်
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးသွားသောအိမ်ထောင်စုများအား ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများသည်ယနေ့ နံနက် ပိုင်းကမင်းလှစုကျေးရွာ၊ မရဲ့ပျားမွတ်ကျေးရွာနှင့် ကျုံကဒွန်းကျေးရွာတို့ရှိလူနေအိမ်(၅)လုံးအား၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးစီနှင့် အိမ်ဆောက်ပစ္စည်းအတွက်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မုန်တိုင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်း စာစောင်များဖြန့်ဝေ
May 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မုန်တိုင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက် မြို့အဝင် ဆိပ်ကမ်း၌ အသိပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ
May 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။