သတင်းများ

ဆိပ်ဖြူမြို့နယ်ရှိ ဆည်တမံများ မိုးရွာသွန်မှုများခြင်းကြောင့် ရေပိုလွှဲမှ ရေကျော် လျက်ရှိ
May 16,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ဆည်တမံများ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများကာ ရေပိုလွှဲမှ ရေကျော်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံမျိုးစုံ(၄၂၃၉၃)ဧက စိုက်ပျိုးပြီးဖြစ်
May 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အဓိထားလုပ်ကိုင်လျက်ရှိရာ နွေသီးနှံမျိုးစုံ (၄၂၃၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်အချို့အား ရေကြီးနစ်မြုပ်မှုဘေးမှ ကင်းဝေးစေရန် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေး
May 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း နှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်အချို့အား  ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ်နှင့် ကမ်းပါးပြိုကျမှုဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
May 16,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ လူငယ် လူရွယ်များ အသိပညာဗဟုသုတရရှိရေး အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဟောပြောပွဲနှင့် နံရံကပ်ဘုတ်ပြသခြင်းတို့က ယနေ့ နံနက်  ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်  ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေး
May 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာတွင် မြစိမ်းရောင်း ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်တွင် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်
May 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက် ရှည်ကာလတွင် ကျောင်းသား/သူလူငယ်လေးများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါလေဘေးသင့်ပြိုလဲနေအိမ် ၂ လုံးနှင့်အမိုးလန်‌ နေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်ဌာဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့က  လေဘေးသင့်သည့် နေအိမ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ညောင်ငုမ်ပင်လဲကျ
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ညနေ (၃) နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ခင်ကြီးကျေးရွာအုပ်စု၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးဟောင်း မိုင်တိုင်အမှတ် (၁၀၄/၄)နှင့် မိုင်တိုင်အမှတ် (၁၀၄/၅) ကြား ကားလမ်းမပေါ်သို့ ညောင်ငုမ်ပင်လဲကျခဲ့ကြောင်း သိရသည်။