သိန္နီမြို့တွင် ပြည်သူများ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရေး ဈေးကွက်စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်

သိန္နီ မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ၊  ကုန်ညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်းနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း၌ ရောင်းချနေသော ဦးစားပေး ကုန်စည်အမျိုးအစား(၁၀)မျိုးအဖြစ် ရွေးချယ်သတ်မှတ်ထားသော အရန်သင့်အစားအစာ အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ ဆီသွပ်အစားအစားအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုး၊ (၁၀ ဂရမ်အထက်နှင့် အောက်) အလှကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများမှ ဆပ်ပြာခဲအမျိုးမျိုးနှင့် သွားတိုက်ဆေး အမျိုးမျိုးအား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း၊ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ အထောက်အကူပြုဆေးဝါးများ ပစ္စည်းပြတ်လတ်မှု မရှိစေရေးစစ်ဆေးခြင်း၊ စက်သုံးဆီဈေးနှုန်းများ မှန်ကန်မှုရှိစေရေး စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)