တီးတိန် မေ ၁၆
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းဦးဆောင်မှုဖြင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်ကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများသည် မေ ၁၅ ရက်နေ့က သဘာဝဘေး ယာယီတိမ်းရှောင်စခန်း ခွာဒိုခန်းမရှိ ပြည်သူများထံသို့ သွားရေက်ခဲ့ကြသည်။
ထိုသို့သွားရောက်ရာတွင် ချင်းပြည်နယ်တစ်ခုလုံး မုန်တိုင်းအန္တရာယ်မှကင်းလွတ်ခဲ့ရမှုအပေါ် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်း၊ မှတ်ပုံတင်ကဒ် (အသစ်) ပြုလုပ်သူများထံလက်ရောက်ပေးခြင်း၊ ကျန်းမာရေးဌာနက ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၁၀၇) ဦးတို့အား ၎င်းတို့၏နေရပ် (နေအိမ်) များသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်