ပင်းတယ မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာကျော်ကျော်ဟိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးရောင်းချသည့် ဆေးဆိုင်များ၌ Hemas Mandalar Pharmaceuticals Lts. ၏တရားမဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးဖြစ်သော Crestor 10 mg Tanlet (Rosuvastation 10 mg) (2507AA5687) နှင့်ပုံစံတူဆေးများမှာ Hemas Mandalar Pharmaceuticals Lts. မှ ဆေးဝါးမှတ်ပုံတင်ရရှိထားသောဆေးဝါးများနှင့် Brand Name ဆင်တူ၍ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိဘဲ English ဘာသာမဟုတ်သော အခြားဘာသာဖြင့် ဖော်ပြထားပြီး အရည်အသွေးအန္တရာယ် ကင်းရှင်းမှုအာမခံချက်လုံးဝမရှိသဖြင့် အဆိုပါ ဆေးများကို မြို့နယ်အတွင်းရှိဆေးဆိုင်များတွင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)