သတင်းများ

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ
May 16,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းလွဲ (၁) နာရီက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ကျင်းပသည်။
ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
May 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန် အတွက် အမှတ် (၃)ရပ်ကွက်ရှိ နေအိမ်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 16,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊လူထုအခြေပြုဗဟိုဌာန၌ ရန်ကုန်မြောက်ပိုင်းခရိုင် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
May 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
မြစ်ကြီးနားမြို့၌ လိုင်ချီးသီး (တရုတ်ဇီးသီး) စိုက်ပျိုးသည့် ဒေသခံတောင်သူများ ‌ဈေးကောင်းရရှိ၍ မိသားစု အပိုဝင်ငွေရရှိ
May 16,2023
မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ လိုင်ချီးသီး (တရုတ်ဇီးသီး) စိုက်ပျိုးသည့် ဒေသခံတောင်သူများအနေဖြင့် ယခင်နှစ်များထက် ဝယ်လိုအားကောင်း၍ ဈေးကောင်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော နေအိမ်နှင့် အဆောက်အဦးများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော နေအိမ်နှင့် အဆောက်အဦးများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူများအား သွားရောက်ကူညီမည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်
May 16,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်းမုန်တိုင်းဒဏ်သင့်ပြည်သူများအားသွားရောက်ကူညီမည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ ပေါက်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့်  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊  ခြင်ဆေး ဖြန်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။