မိုင်းစံ မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်ခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
Talk Show ဆွေးနွေးရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးနှင့် ရုပ်သံကျွမ်းကျင် -၃ ဦးစိုင်းလှိုင်းတို့က အပူဒဏ်ကြောင့်ဖြစ်တတ်သောရောဂါများ၊ အပူရှုပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူရှိန်မြင့်တတ်ခြင်း၊ ရှောင်ကြဥ်ရမည့်အချက်များ၊ နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအတွင်းနေရောင် ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ်ရန်၊ ကုသမှုအလျှင်အမြန်မရရှိသော နေရာသို့ရောက်နေပါက ရှေးဦးသူနာပြုစုပေးနိုင်ရန် လိုအပ်သည့် အချက်များ စသည့်အကြောင်းအရာများကိုဆွေး နွေးခဲ့ကြသည်၊၊
အဆိုပါ Talk Show ပွဲအစီအစဥ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် We love Mong San Page တွင်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
မိုင်းစံ (ပြန်/ဆက်)