သတင်းများ

နောင်ချိုမြို့နယ်၌ သဘာဝဘးအန္တရာယ် ကျရောက်လာပါက ထိခိုက်ပျက်ဆီးမှုမရှိစေရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
May 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်ပျက်ဆီးမှု မရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို မေလ ၁၄ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ နွေစပါးလျာထားဧကထက် ၃၀၀ ဧကကျော် စိုက်ပျိုးနိုင်
May 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဒေသတွင်းဆန်စပါး ဖူလုံပိုလျှံစေရေး နွေစပါး၇၀၇၀ ဧကလျာထားစိုက်ပျိုးခဲ့ရာ နွေစပါးလျာထားဧကထက် ၃၃၅ ဧက  စိုက်ပျိုးနိုင်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများအား တာဝန်ရှိသူများက လှည့်လည်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်
May 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သခင်တံတား(ပါးပွတ်) တံတားချည်းကပ်လမ်းပျက်စီး 
May 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါးပွတ်ရွာ အနီးပနီချောင်းရေကြီးရေလျှံဖြစ်ပြီး သခင်တံတား(ပါးပွတ်)တံတားချည်းကပ်လမ်း (၄၀၀)ပေခန့် တိုက်စားပျက်စီးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌သဘာဝဘေးအန္တရာယ်‌ ကြောင့်ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သည့် မိသားစုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ထမင်းဗူးနှင့် သောက်ရေသန့်များလှူဒါန်းပေး
May 16,2023
မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊  မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ   ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော တောင်ရပ်ကွက်မှ မုန်တိုင်အားနည်းသည့် နေအိမ်များမှ အိမ်ထောင်စုဝင်များအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဘေးလွှတ်ရာ
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် လူနေအိမ်၊ အခြား အဆောက်အအုံနှင့် လမ်းများ မြေပြိုပျက်ဆီး
May 16,2023
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၄ ရက်နေ့ (၁၉:၀၀) နာရီအချိန်တွင် ထုတ်ပြန်သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ် (၃၁/၂၀၂၃) အရ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ( Extremely Severe Cyclonic Storm ) “မိုခါ” (MOCHA)သည် မြောက်− အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့ အနီးမှ မြောက်ဘက်သို့လည်းကောင်း၊ ဆက်လက်ရွေ့လျားလျက်ရှိပြီး၊ မေလ ၁၄ ရက် (၂၁၃၀) နာရီအချိန် သတင်းထုတ်ပြန်ချက် (၃၂ / ၂၀၂၃) အရ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ်အခြေခံ၊ စတိုးပစ္စည်းထိန်း (အခြေခံ)၊ သံလမ်း(ဉာဏ်)လုပ်သားခေါင်း/ ဇာဝီလှည့်၊ အခြေခံစာရေးကွန်ပျူတာ (အထူးပြု)သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 16,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဝန်ထမ်းသစ် အခြေခံ သင်တန်းအမှတ်စဉ် (၄/၂၀၂၃)၊ စတိုးပစ္စည်းထိန်း(အခြေခံ)သင်တန်းအမှတ်စဉ်(၂/၂၀၂၃)၊ သံလမ်း (ဉာဏ်) လုပ်သားခေါင်း/ ဇာဝီလှည့်သင်တန်း အမှတ်စဉ်(၅၅/၂၀၂၃)နှင့် အခြေခံစာရေးကွန်ပျူတာ (အထူးပြု) သင်တန်းအမှတ်စဉ် (၅၃/၂၀၂၃) များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်ကျောင်းရှိ အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဇေယျာသီရိမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး ယူကလစ်ပင်လဲကျ၍ ပျက်စီးခဲ့သည့် ကျောင်းဆောင်‌အား လာရောက်ကြည့်ရှု
May 16,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး ယူကလစ်ပင် လဲကျရာမှ ထိခိုက်ပျက်စီးခဲ့သည့် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သို့ ယနေ့နံနက်ပိုင်းက လာရာက်ကြည့်ရှုစစ်ဆေးခဲ့သည်။ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်‌မောင်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ရောက်ရှိလာပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်တို့က ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။