တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ

တနိုင်း မေ ၁၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းလွဲ (၁) နာရီက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ကျင်းပသည်။

အဆိုပါ စာအုပ်ပြပွဲတွင် စာ​ပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်နှင့် စာပေမှ ရရှိသော အသိအမြင်ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ခင်းကျင်းပြသပြီး၊  မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းတိုက်နေချိန်တွင် ရှောင်ရှားရမည့် အချက်များ၊ မုန်တိုင်းတိုက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကို သဘောပေါက်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့် အချက်များ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အကြံပြုချက်များပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ပန်းအိ(တနိုင်း)