ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူများအား သွားရောက်ကူညီမည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်

အုတ်တွင်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်းမုန်တိုင်းဒဏ်သင့်ပြည်သူများအားသွားရောက်ကူညီမည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက မုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဝတ်စုံများ စုံလင်စွာယူဆောင်သွားရန်၊ ကူညီကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံရေးဦးစားပေးလုပ်ဆောင်ရန်၊ ဌာနဆိုင်ရာအချင်းချင်းပူးပေါင်း ချိတ်ဆက်လုပ်ဆောင်ရန်တို့ မှာကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်မှ သဘာဝဘေးဒဏ်သင့်ပြည်သူများကို တစ်လကြာသွားရောက်ကူညီမည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်ရှစ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနတို့မှ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)