သတင်းများ

ဘားအံမြို့၌ နွေရာသီ အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
May 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူ လူငယ်များ ကွန်ပျူတာနည်းပညာကို အလွယ်တကူ လေ့လာသင်ယူနိုင်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)နှင့် အင်္ဂလိပ်စာ အခြေခံသင်တန်း (၂/၂၀၂၃)ကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အစိုးရနည်းပညာ​ကောလိပ် (​​ရွှေဘို)၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ
May 16,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်​ထောက်ညွှန်ကြား​ရေးမှူး ဦး​အေးမြင့် ဦး​ဆောင်​သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ​ရွှေဘိုနည်းပညာ အသက်​မွေးပညာနှင့်​ လေ့ကျင့်​ရေးဦးစီးဌာန၊ အစိုးရနည်းပညာ​ကောလိပ်မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း  သိရသည်။
ပျော်ဘွယ်မြို့နယ် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်
May 16,2023
ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ မွန်းလွဲ(၃)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ပန်းစုံ) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရွှေဘိုမြို့၌ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
May 16,2023
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​ကြောင့် ဒဏ်ရာရသူများ၊​ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျလူ​နေအိမ်နှင့် အိမ်ထောင်စုများအား လတ်တလော သက်သာချောင်ချိစေရန် ရည်ရွယ်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ​ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်၌  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၁၄-၅-၂၀၂၃ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျမှု ဖြစ်ပွားခဲ့ခြင်းကို တောင်ငူခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီအကြို လေကာသစ်ပင်များ စိုက်ပျိုးမည့် ကံရိုးပျိုးဥယျာဥ်ရှိ ပျိုးပင်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
May 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ် အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်သည် လေပြင်းတိုက်ခတ်မှုကြောင့် အထက (ကျုံကျိုက်) ကျောင်းအမိုးလံပျက်စီးမှုအား ကွင်းဆင်းပြုပြင်ဆောင်ရွက်
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်သည် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကျုံကျိုက်ကျေးရွာ အ.ထ.က (ကျုံကျိုက်) ကျောင်းဆောင်အမိုးသွပ်များ ပျက်စီးလန်ထွက်ပြိုကျပျက်စီးမှုအား၊ ပြန်လည်အစားထိုးသွပ်မိုးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာသို့ သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ
May 16,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းလွဲ (၁) နာရီက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ကျင်းပသည်။