ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော နေအိမ်နှင့် အဆောက်အဦးများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

ဓနုဖြူ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော နေအိမ်နှင့် အဆောက်အဦးများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဓနုဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၁)အုပ်စုမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦး စုစုပေါင်း (၇၇)လုံးအနက် ပြိုကျနေအိမ်(၄၃)လုံး၊ အမိုးလန်နေအိမ်(၂၇)လုံး၊ အမိုးလန်စာသင်ကျောင်း ()ကျောင်း၊ ခြံစည်းရိုးပျက်စီး စာသင်ကျောင်း() ကျောင်း၊ မြို့နယ်ကော်မရှင်ရုံး ဂိုဒေါင်အမိုးလန်()လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း ()ကျောင်း၊ ဓာတ်တိုင် ()တိုင်ကျိုး၍ ()တိုင်ယိုင်လဲပျက်စီးခဲ့ပြီး သဂြိုလ်စက်()ခုတို့ အမိုးလန် ပျက်စီးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ ဘေးသင့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်/ကျေး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့မှ အိမ်တိုင်ရာရောက် လိုက်လံကြည့်ရှုအားပေးခြင်း၊ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းနှင့် နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)