သတင်းများ

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်းကျင်းပ
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှု‌မှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့သို့ မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့်ပြည်သူများ နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိရေးဆောင်ရွက်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လပွတ္တာခရိုင် ကျေးရွာများမှ မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့် ပြည်သူများ နေရပ်ဒေသများသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် ယမန်နေ့ နံနက်က မော်တော်ယာဥ် ၁၆ စီးဖြင့် ကားများ စီစဉ်ထားရှိဆောင်ရွက်လျက် ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော သစ်ပင်သစ်ကိုင်း အမှိုက်များအား မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းဆောင်ရွက်
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော သစ်ပင်သစ်ကိုင်း အမှိုက်များအား မီးသတ်တပ်ဖွဲ့ဝင်များမှ ယမန်နေ့က ရှင်လင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်း​ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ဖိုး​ရွှေမြကုန်း​ကျေးရွာ၊ ကွင်း​ပေါက်အုပ်စု၊ အိမ်​ချောင်း​လေး​ကျေးရွာနှင့် အမှတ်(၁၄)ရပ်ကွက်၊ ပန်းဆက်​တို့ရှိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စု (၉)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် စည်သာကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နွား ၃၃ ကောင် သေဆုံးမှု ဖြစ်ပွား
May 17,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မေလ ၁၃ ရက်နေ့တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စည်သာကျေးရွာအုပ်စု စည်သာကျေးရွာတွင် ဒေသခံတောင်သူများမွေးမြူထားသော နွားများ အအေးမိ၍ နာမကျန်းဖြစ်ကာ နွား ၃၃ ကောင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာ၀ဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများအား ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 17,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာ၀ဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများအား ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်၊ ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေး
May 16,2023
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒုတိယဝန်ကြီးများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းတို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့သို့ရောက်ရှိလာကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားရေးရိက္ခာပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံး သည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းပေးပို့နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
May 16,2023
မြန်မာနိုင်ငံအတွင်း အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်မှုကြောင့် သဘာဝဘေးသင့်ဒေသများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေနှင့်ပစ္စည်းများ ပေးပို့လှူဒါန်းနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်နိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၆ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။