ဆွမ်ပရာဘွမ်မြို့နယ်၌ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် မေ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတန်ရာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်တို့က မျိုးစပါးထောက်ပံ့ ရခြင်း၏ ရည်ရွယ်ချက်များကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ (ဆင်းဧကရီ-၃) မျိုးစပါးကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ မြို့ပေါ် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကျေးရွာများရှိ တောင်သူများအား ဒေသဝမ်းစာဖူလုံစေရန်၊ အလုပ် အကိုင်အခွင့်အလမ်း များပေါများစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် ဝင်ငွေတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် (ဆင်းဧကရီ-၃) မျိုးစပါးတင်း ၁၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး တို့က တောင်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)