သတင်းများ

ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပိတောက်ပင် နှစ်ပင်ကျိုးကျမှုအား တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်
May 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျနေမှုများ ဖြစ်ပွားခဲ့ရာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့် ဌာနဆိုင်ရာများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က အားကစားနှင့် ကာယပညာဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
တောင်ငူမြို့နယ်အတွင်း  လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း  လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖယ်အင်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စုနှင့် ရွှေလေးအင်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား  ဘုရားသုံးဆူဘုန်းတော်ကြီးကျောင်း (မဟာစည်သာသနာ့ရိပ်သာဓမ္မရုံ)နှင့် သျှားယားကုန်းမူလွန်ကျောင်း၌ ယနေ့မွန်းလွဲပိုင်းက တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ လူဦးရေဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် ​လေပြင်းတိုက်ခတ်၍ပျက်စီးသွားသည့်​ နေအိမ်အား မြန်မာနိုင်ငံကြက်​ခြေနီဌာနချုပ်က ​ထောက်ပံ့​ပေးအပ်
May 17,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မတ်လ၁၄ရက်​နေ့ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း၊ အမှတ်၂၅၄ နေ ​အိမ်အား ယမန်​​နေ့ည​နေ ၅နာရီခွဲအချိန်၌​ မြန်မာနိုင်ငံကြက်​ခြေနီဌာနချုပ်က ထောက်ပံ့​ပေးအပ်ခြင်းများ ​ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
May 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဌာနလုပ်ငန်းများကို လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
May 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။