ရွှေဘို မေ ၁၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒဏ်ရာရသူများ၊လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျလူနေအိမ်နှင့် အိမ်ထောင်စုများအား လတ်တလော သက်သာချောင်ချိ စေရန် ရည်ရွယ်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်အနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချောစုက ထောက်ပံ့ပေးအပ် ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်