ဖျာပုံ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်သည် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကျုံကျိုက်ကျေးရွာ အ.ထ.က (ကျုံကျိုက်) ကျောင်းဆောင်အမိုးသွပ်များ ပျက်စီးလန်ထွက်ပြိုကျပျက်စီးမှုအား၊ ပြန်လည်အစားထိုးသွပ်မိုးခြင်းနှင့် ပြန်လည်ပြုပြင် ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာသို့ သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလံပျက်စီးသွားသောအထက (ကျုံကျိုက်) ကျောင်းအဆောက်အဦးများ ပြန်လည်ပြုပြုင်ရာသို့ အနောက်တောင် တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တပ်မတော်သားများ၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာသားများသည် ကျုံကျိုက်ကျေးရွာရှိ အထက (ကျုံကျိုက်) စာသင်ကျောင်းဆောင်အမိုးသွပ်များ ပျက်စီး လန်ထွက်မှုအားကြည့်ရှု၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ဗိုလ်မှုးချုပ်ကျော်စိုးလွင်က အမိုးသွပ် (၁၂၀) ချပ် ခေါင်အုပ်သွပ်ပြား (၂) ချပ်၊ သစ် (၁) တန်နှင့် သွပ်ရိုက်သံများလှုဒါန်းပြီး အမိုးများပြန်လည်မိုးပေးခြင်း၊ ကျောင်းပစ္စည်းများရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်၊၊
အောင်ဝင်းနိုင်