အစိုးရနည်းပညာ​ကောလိပ် (​​ရွှေဘို)၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

​ရွှေဘို မေ ၁၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်​ထောက်ညွှန်ကြား​ရေးမှူး ဦး​အေးမြင့် ဦး​ဆောင်​သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ​ရွှေဘိုနည်းပညာ အသက်​မွေးပညာနှင့်​ လေ့ကျင့်​ရေးဦးစီးဌာန၊ အစိုးရနည်းပညာ​ကောလိပ်မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း  သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများက ဆရာ/ဆရာမများ ဝန်ထမ်း များအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင် ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြာခဏ စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှုရှိသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပြသရာ၊ ဝန်ထမ်းများက လက်တွေ့ မီးငြှိမ်းသတ်နည်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ​ကျောင်းတာဝန်ခံအား မြန်မာနိုင်ငံ မီး​ဘေးလုံခြုံ​ရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များ ၂၀၂၀ စာအုပ်ကို​ ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ရွှေဘိုခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့်၊ စက်ရုံ၊ အလုပ်ရုံ၊ လူ​နေအိမ်၊ စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများစသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်