ပြည်ကြီးမဏ္ဍိုင်မြို့တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် မေ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင်   ယနေ့  မွန်းလွဲပိုင်းက   သဘာဝဘေးအန္တရာယ် အကြောင်း  အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်စိုးမြတ်နန္ဒာက သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး  အငယ်တန်းစာရေး (အင်အားပြ)  ဒေါ်ချမ်းချမ်းမြေ့က   သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်  ပတ်သက်၍ လေပြင်းအတွက်  ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ်   သတိပြုလိုက်နာရမည့် အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက်  ဆောင်ရွက်ရန်အချက်များ၊   သဘာဝဘေး အန္တရာယ်ကြုံတွေ့လျှင်  ဆက်သွယ်ဆောင်ရွက်ရရှိနိုင်သည်များကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)