ရန်ကင်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဌာနလုပ်ငန်းများကို လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိဖြင့်ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းအန္တရာယ် ကျရောက်သည့်ဒေသများသို့ အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံနိုင်ရေး၊ လေပြင်းမုန်တိုင်းတိုက်ခတ်၍ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပျက်စီးဆုံးရှုံးမှုများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားရန်နှင့် လုံခြုံရေး အသိဖြင့် သွားလာဆောင်ရွက်ကြရန် အလေးထား မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ ဆက်)