မရမ်းကုန်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မတ်လ၁၄ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း၊ အမှတ်၂၅၄ နေ အိမ်အား ယမန်နေ့ညနေ ၅နာရီခွဲအချိန်၌ မြန်မာနိုင်ငံကြက်ခြေနီဌာနချုပ်က ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးသည့် တန်ဖိုးငွေကျပ်(၁၄၀၀၀၀/-)တန်ဖိုးရှိ ပစ္စည်းများဖြစ်သည့် FarilyKit, HygieneKit, DignityKit ,ShelterToolkit အစရှိသည့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲဝင်းအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ ဆက်)