ပုဗ္ဗသီရိ မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျနေမှုများ ဖြစ်ပွားခဲ့ရာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ညောင်ပင်ကြီးစုကျေးရွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးဝန်းအတွင်း လေပြင်းတိုက်ခတ်၍ ကျိုးကျနေသော ပိတောက်ပင် နှစ်ပင်အား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခဲ့သည်။
အဆိုပါ ပိတောက်ကိုင်းကျိုးကျမှုကြောင့် ရုံးအဆောက်အဦးနှင့် လူများထိခိုက်မှုမရှိကြောင်း သိရ သည်။
သန္တာလင်း(ပုဗ္ဗသီရိ)