ညောင်ဦးမြို့နယ်၌ အခြေခံဗုဒ္ဓဘာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ညောင်ဦး  မေ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံဗုဒ္ဓဘာယဉ်ကျေးမှုသင်တန်းအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်သည်။ ပြီးနောက် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်မှ ယခုဖွင့် လှစ်သောသင်တန်းသည် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖြစ်ကြောင်းသင်တန်းဆရာ/မများ၏ သင်ကြားပို့ချမှုများကို သေချာလိုက်နာမှတ်သားရန်လိုအပ်ပါကြောင်း၊ လူမှုပတ်ဝန်းကျင်တွင် ယဉ်ကျေးလိမ္မာသောသူအဖြစ် နေထိုင်သွားနိုင်ကြရန်  လိုအပ်ပါကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးအမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းဆရာ/မများက အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ပို့ချသင်ကြား လျက်ရှိရာ သင်တန်းသား/သူ (၉၂)ဦး တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းသား/သူများ အား စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်း၊ အာဟာရကျွေး မွေးလခဲ့ကြောင်းသိရပြီး သင်တန်းကာလ (၄)ရက်ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သင်ကြားလျက်ဘာသာရပ်များဖြစ်သည့် ဘုရားရှိခိုးခြင်း၊ ဆွမ်းတော်/ရေတော်ကပ်လှူခြင်း၊ ဘုရားဂုဏ်(၉)ပါး၊ တရားဂုဏ် (၆)ပါး၊ သံဃာဂုဏ်(၉)ပါး၊ ကံကံ၏အကျိုး၊ မေတ္တာပို့ အမျှဝေ၊ ကာယကံ၊ဝစီကံ၊ မနောကံ (ယဉ်ကျေးခြင်း)၊ ဗုဒ္ဓဝင်ပုံပြင်ကဗျာရွတ်ဆိုခြင်းဘာသာ ရပ်များသင်ကြားလျက်ရှိကြောင်း သိရ သည်။

ဒီပါလင်း