ပလောက်မြို့တွင် မွေးကင်းစမှအသက် (၃) နှစ်အရွယ်ထိ ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပလောက် မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှအသက် (၃) နှစ် အရွယ်ထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ပလောက်တိုက်နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊  ပေါင်ချိန်ခြင်း၊ မွေးကင်းစမှ (၃) နှစ်အရွယ် ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်သက်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေးတိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်