တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အခွင့်အလမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

တံတား မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်အခွင့်အလမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယနေ့န့နက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်နှင့် (Youth Club) အဖွဲ့ဝင် မောင်ခန့်စည်သူဝင်းက အခွင့်အရေးနှင့် အခွင့်အလမ်းနှစ်ခုရှိကြောင်း၊ အခွင့်အရေးဆိုတာသူများ ပေးမှရတာဖြစ်ပြီး၊ အခွင့်အလမ်းကတော့ ကိုယ်တိုင်ဖန်တီးယူလို့ရနိုင်ကြောင်း၊ လူသားတွေအားလုံး ဘယ်လောက်ပဲကံမကောင်းတဲ့သူဖြစ်ပါစေ၊ အခွင့်အရေးတစ်ကြိမ်နှစ်ကြိမ်ထက်ပိုရနိုင်ကြောင်း၊ ရရှိလာတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့လိုအပ်ကြောင်း၊ အခ့်င့်အရေးဘယ်ချိန်မှ ရောက်လာမယ်ဆိုတာ မသိနိုင်ပေမဲ့ကိုယ့်ဘက်က အမြဲတမ်းပြင်ဆင်နေဖို့လိုကြောင်း၊ အခွင့်အလမ်းကိုလဲ ကိုယ်ကိုယ်တိုင်ဖန်တီးယူလို့ရနိုင်ကြောင်း၊ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ရပ်တည်ချင်တဲ့အလုပ်ကို လုပ်ငန်းခွင်မဝင်ခင်ကတည်းက ကြိုတင်ရွေးချယ်သင့်ကြောင်း၊ ပွဲမဝင်ခင်အပြင်ကကျင်းပစကားလိုပဲ လုပ်ငန်းခွင်မဝင်ရောက်ခင်ကတည်းကေ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ရပ်တည်ချင်တဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေကျင့်ထားဖို့လိုအပ်ကြောင်း၊ အလုပ်ဆိုတာဘဝနဲ့ထပ်တူ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း၊ တွေ့ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ခံနိုင်ရည်ရှိဖို့၊ ခံနိုင်ရည်မရှိလျှင် လမ်းလျှောက်ရင်းလမ်းပျောက်သွားတတ်တာကို အထူးဂရုပြုသင့်ကြောင်း၊ အလုပ်တစ်ခုခုကို တကယ်လုပ်ချင်တာမှန်ရင် နည်းလမ်းကိုတွေ့အောင်ရှာပြီး ဇွဲ၊လုံ့လ၊ ဝရိယထားသင့်ကြောင်း၊ အရှုံးကိုသင်ခန်းစာယူနိုင်မှအားနည်းချက်ကိုပြင်ဆင်နိုင်မှ၊ အရှုံးများသည်အောင်မြင်မှုအတွက် ပံ့ပိုးကူညီပေးနိုင်သော ထောက်တိုင်တွေဖြစ်လာနိုင်ကြောင်း လူငယ်များ မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်များ၏ အခွင့်အလမ်းများကို လမ်းပြခေါ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Talk Show အစီအစဥ်များကို တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)