ပိုင်ကျုံမြို့၌ ဒေသထွက် ဒညင်းသီးများ လှိုင်လှိုင်ပေါ၍ စျေးနှုန်းကျဆင်းနေ

ပိုင်ကျုံ  မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည့်အပြင် ဉယျာဉ်ခြံလုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ကိုင်ကြသည်မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့် အိမ်ခြံဝန်းတွင် နှစ်ရှည်သစ်ပင်စားပင်များဖြစ်သည့် အုန်း  ပိန္နဲ ဒူးရင်းနှင့် ဒညင်းအပင်များလည်း စိုက်ပျိုးကြသည် ယခုနှစ်တွင် ဒေသထွက်ဒညင်းသီးများ လှိုင်လှိုင်သီး၍ အရောင်းအဝယ်ရှိသော်လည်း စျေးကောင်းမရရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်

"ဒီနှစ်  ဒညင်းသီး စစပေါ်တဲ့အချိန်မှာ တစ်တင်းကို ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ရရှိသော်လည်း ယခုအခါ တညှင်းသီးများ ပေါနေတဲ့အချိန်မှာ တစ်တင်းကို ကျပ် ၁၀၀၀၀မှ ၁၅၀၀၀ အထိသာရရှိကြောင်း၊ ကုန်စျေးနှုန်းကြီးနေတဲ့အချိန်မှာ ဒေသထွက်ကုန်များ စျေးကောင်းမရရှိတော့  အဆင်မပြေကြောင်း လာမယ့်နှစ်မှာ တညင်းသီးစျေးကောင်းရရန် မျှော်လင့်ကြောင်း ဒညင်းစိုက်တောင်သူများထံမှသိရသည်

ပိုင်ကျုံမြို့နယ်တွင် ဒညင်းသီးအပင်များ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသနေပြည်သူများအနေဖြင့် မိမိနေအိမ်ခြံဝန်း၌ သော်လည်းကောင်း ဉယျာဉ်ခြံမြေများ၌သော်လည်းကောင်း နှစ်စဉ်ဝင်ငွေရရှိရန်အတွက် တပိုင်တနိုင် စိုက်ပျိုးကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)