ညောင်ဦး မေ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ တွင်းရှိ မြေသား ရေကန်များ မေ ၁၃ ရက်နေ့နှင့် မေ ၁၄ ရက်နေ့တို့တွင်ရွာသွန်းခဲ့သည့် မိုးကြောင့် မြေသား ရေကန်များအားလုံးရေပြည့်လျှံခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ၊သုတေသနဌာနစုမှ ဦးလှညွှန့်(ဦးစီးအရာရှိ)ထံက သိရသည်။
ပုဂံခေတ်မှသည် ယနေ့အထိသောက်သုံးရေအသုံးပြုလျက်ရှိသော ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြေသားရေကန်များဖြစ်သည့် အလံပုဂံရေကန်၊ တောင်ကျောင်းကန်၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်(ညွှန်လက်တဖက်)ကန်၊ ဖိုးသူတော်ကန်၊ရွှေထီးကန်၊ ရွှေနန်းရင်တောကန်၊ကိုမောက်ကန်၊ မင်္ဂလာကန်၊ ကန်သစ်ကန်၊မန် ကျည်းကန်၊ဦးကျည်ပွေ့ကန်၊ ဆင်ဖြူရှင်ကန်၊ မနူမရွဲကန်၊ အုတ်ဖုတ်ကန်၊ ဖျောက်ဆိပ်ပင် (ကန်သုံးဆင်)ကန်၊ ကန်စွန်း ဘုန်းကြီးကျောင်း(အင်ကြင်း)ကန်၊မြင်းကပါအင်း၊ ကောင်းနန္ဒာကန်၊သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်တို့တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများခြင်းနှင့်အတူ ညောင်ဦးမြို့နယ်အတွင်းရှိ မြေသားရေကန်များရေပြည့်လျှံခဲ့ကြောင်းသိရပြီး ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိရေကန်များအားလုံးရေပြည့်လျှံလျက်ရှိခြင်းကြောင့် ကျွဲ၊နွား၊ ဆိတ်များအတွက် ရေမခက်ခဲတော့ကြောင်း၊အချို့ရေကန်များ ပုဂံခေတ်မှသည် ယနေ့အချိန်ထိသောက်သုံး ရေကန်များအဖြစ် အသုံးပြုဆဲဖြစ်ကြောင်းလည်းသိရပြီး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထဲတွင်ပါဝင်သည့် မြကန်ရေလှောင်တမံ ၄၁၅ ဧကပေကျယ်ဝန်းပြီး ရေပိုလွှဲမှရေကျော်ရန် ၁၁ ပေခွဲခန့်လိုအပ်ကြောင်းသိရသည်။
ဒီပါလင်း