အိမ်မဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး နောက် ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို Hand Speaker ဖြင့် လိုက်လံကြေညာပြီး mask campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြိုနယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ များက ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို Hand Speaker ဖြင့် လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို မြို့ပေါ်လူစည်ကားရာနေရာများတွင် ဆောင်ရွက်သလို မြို့နယ်အတွင်း ကျေးရွာအုပ်စု (၉၇)အုပ်စုတွင်လည်း တစ်ပြိုင် တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)