ဒေးဒရဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ​ပျက်စီးမှုဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများသို့ ​​ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် မငေးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်း၍ ပျက်စီးခဲ့သည့် ကျောင်းဆောင်များအား အချိန်မီ ပြန်လည်ပြီးစီးရေး ဒေသခံများ ပါဝင်မှုဖြင့် ယနေ့ ညနေ(၄) နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အဆိုပါကျောင်ဝင်း စာသင်ဆောင်ရှိ အမိုးလန်ခြင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခြင်းနှင့် သန့်စင်ခန်း  အမိုးလန်ပျက်စီးခြင်းများကို ဖယ်ရှားရှင်းလင်းခြင်းနှင့် အမိုးများ အချိန်မီပြန်လည်ပြုပြင်မှုများအား စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း