ကျောက်ဆည် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောကဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ(၃)နာရီက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၄)စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မေ(၁၃)ရက်နှင့်(၁၄)ရက်နေ့က လေပြင်တိုက်ခတ်မှုကြောင့် လူနေအိမ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဘောဂဝတီရပ်ကွက်မှ ဒေါ်ထွေး၏နေအိမ်၊ ပေါက်တော ရပ်ကွက် ဦးတင်ညွှန့်၏ နေအိမ်၊ မင်းစုကျေးရွာမှ ဒေါ်မြတ်ဖြူ၏နေအိမ်များအတွက် အိမ်ဆောက် ပစ္စည်းဝယ်ယူရန် ထောက်ပံ့ငွေ(၁၅၀၀၀၀)ကျပ်၊ လူဦးရေ(၁၀)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာ ထောက်ပံ့ငွေ (၂၁၀၀၀)ကျပ်နှင့် လူနေအိမ်လုံးဝပျက်စီးသွားသည့် ပုထိုးနီကျေးရွာမှ ဦးနေမျိုးအောင်၏ နေအိမ်အတွက် အိမ်ဆောက်ပစ္စည်း ဝယ်ယူရန် ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၆၃၀၀)ကျပ်နှင့် ငွေကျပ်(၆၂၁၄၉)ကျပ်တန်ဖိုးရှိ ကယ် ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်