ညောင်ဦး မေ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုခါမုန်တိုင်းအရှိန်ကြောင့် ညောင်ဦးမြို့နယ်၌ မေ ၁၃ ရက်နှင့် မေ ၁၄ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ အမှတ်(၁)၊ ရွှေကုန်းရပ်၌ ယမန်နေ့နံနက်ပိုင်းက ထန်းနောင်းပင်လဲကျမှုအား ကူညီရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထနောင်းပင်သည် အမှတ်(၁)၊ ရွှေကုန်းရပ်ရှိ Victory သောက်ရေသန့်စက် ရုံနောက်နှင့်ကပ်လျှက် အရှည်(၄၀)ပေ၊ လုံးပတ်(၄)ပေ၊ နှစ်သက်တမ်း(၄၀)ရှိ ထနောင်း ပင်သည် မိုးရွာသွန်းမှုများကာမြေပွ၍ လဲကျနေမှုအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မြို့မရဲစခန်းမှ ဒုတိယရဲမှူး ဝင်းဆန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းပေးခဲကြောင်း၊ ထနောင်းပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိ ခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ဒီပါလင်း