ကျိုက်မရောမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိ

ကျိုက်မရော မေ ၁၇

ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  စတုတ္တအကြိမ်ထိုးနှံပြီးသူများတွင် ခြောက်လပြည့်ပြီးသူများအား အသက် ၁၂ နှစ်မှ ၆၅ နှစ်အထိ ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရေးအတွက် ပဥ္စမအကြိမ်  ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ အသက် ၁၂ နှစ်ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ကြီးဘိုးဘွားများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ် ၁၉ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသည့် ဒေသခံမိဘပြည်သူများကိုလည်း ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက သတ်မှတ်ချက်များ နှင့်အညီ လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ရန် စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း စတုတ္တအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ယခင်ဆေး ထိုးထားသည့် ကတ်ပြားများပြသကာ နီးစပ်ရာဆေးထိုးစုရပ်များနှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် လူဦးရေ ၅ ယောက်ပြည့်လျင် လာရောက်ထိုးနှံနိုင်ကြောင်း ကလိုင်းကနိုင်  ကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ   သတင်းရရှိသည်။

 ကျိုက်မရော