တံတားဦးမြို့ လူထုအခြေပြု ဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

တံတားဦး  မေ ၁၇

တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူထုအခြေပြု ဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်း သား၊ ကျောင်းသူများ အသိပညာတိုးပွားရရှိရေးအတွက် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင် ပြောကြားသည်။ ထို့နောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာကိုခန့်(တံတားဦး)က စာစီစာကုံးတိုင်းတွင် ပါဝင်ရမည့် အချက်အလက်များ ပြည့်စုံစွာပါရှိရေး၊ ဒါ့အပြင် စာစီစာကုံးတွင် သုတစာစီစာကုံးနှင့် ရသစာစီစာကုံးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ပေးထားသည့် Out Line မဖြစ်မနေပါဝင်အောင် ထည့်သွင်းရေးသားရန်နှင့် စာစီစာကုံးတိုင်းတွင် ပေးထားသည့်ခေါင်းစဉ်နှင့် ကိုက်ညီအောင်ရေးသားတတ်စေရန် စသည်တို့ကို အကျယ်တဝင့်ပြောကြားသည်။

ထို့နောက် စာရေးဆရာကိုခန့်(တံတားဦး)က ကျောင်းသား၊ ကျောင်းသူများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ သုံးရက်ကြာမြင့်ဖြစ်ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)