သတင်းများ

မိုင်းယောင်းမြို့နယ်၌ မက္ကဒေးမီးယားအပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး
May 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ပါဟုတ်ကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူ၍ ဆောင်ရွက်သည့် မက္ကဒေးမီးယားအပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 
May 20,2023
MYANWEN နှင့် AYA Bank တို့မှ အမျိုးသမီးများ ဦးဆောင်သော MSME အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နားလည်မှု စာချွန်လွှာ (MOU)ကို ယမန်နေ့တွင် လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်ခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် ပွင့်ဖြူမြို့နယ်တွင် ကွမ်းအထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိနေ
May 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူများ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းခြံများ ကွမ်းရွက်အထွက်နှုန်း ကျဆင်းမှုများ ကြုံတွေ့နေရသော်လည်း ကွမ်းရွက်ဈေးကောင်းရရှိနေ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အထက (ကျွန်းလှ) ၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆက်လက်ဆောက်လုပ်
May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထက(ကျွန်းလှ)တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး
May 20,2023
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး(၅)ထပ်ဆောင်တွင်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်  ၂,၅၈၂,၁၅၀,၀၀၀ ထုတ်ချေးရန် လျာထား
May 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် ၂,၅၈၂,၁၅၀,၀၀၀ ကျပ် ထုတ်ချေးပေးရန် လျာထားကြောင်းသိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာမြို့မစျေး သန့်ရှင်းသပ်ရပ်လှပစေရန် သဲနှုန်းများအား စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့
May 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီး အတွင်းအပြင် စလင်းချောင်းရေမြှင့်တက် ရေဝင်ရောက်ခဲ့ မှုကြောင့် စုပေါင်းသန့်ရှင်း ဆောင်ရွက်ကြခြင်းကို မေလ(၁၅)ရက်နေ့မှစတင်ကာ စျေးရောင်းစျေးဝယ်ပြည်သူအများ သွားလာရောင်းချနိုင်စေရန် စည်ပင်သာယာ စျေးအတွင်း စုပေါင်းသန့်ရှင်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်အတူ​ စျေးရောင်းချသူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဝမ်းစာဖူလုံရေးအတွက် စပါးမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် စပါးမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို လောက်ကိုင်မြို့နယ် မန်ချူးကျေးရွာ မူလာတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။