သတင်းများ

ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်း များဆောင်ရွက်
May 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်(အခမဲ့)ဆေးကုသပေး
May 19,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က (ခွဲ) လ(၃) ကျောင်း၌၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
May 19,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့် သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုးအားရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီး မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်လှစ်
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွား သင်တန်းကို မအူပင်ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ခရိုင်သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနုန်းများ ရာနှုန်းပြည့်တူးဖော်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
May 19,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနုန်းများ ရာနှုန်းပြည့်တူးဖော်ပြီးစီးမှု အခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
May 19,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် (၇) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူစည်ကားသည့်နေရာများတွင် အခမဲ့လိုက်လံဖြန့်ဝေပေးကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
May 19,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်း လျှောက်လွှာလက်ခံမှုကို မေလ​ ၃၁ ရက်နေ့ထိ ထပ်တိုးလက်ခံ
May 19,2023
ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်း‌၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ လျှောက်လွှာများ ​လက်ခံလျက်ရှိကြောင်း သိရသည်။