သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုအား လမ်းပိတ်ဆို့မှု မရှိ‌ရေးရှင်းလင်းဆောင်ရွက်
May 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊  တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်တွင် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိရေး၊ အန္တရာယ်မဖြစ်စေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သာစည်မြို့နယ်တွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ခင်းများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး
May 20,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးကြိုဝါစီမံကိန်းသီးနှံစိုက်ခင်းများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ၊စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာများ(ကလောင်စုံ)၏ လူငယ်များ၏ မိုးကောင်းကင် စာအုပ်မှ ဆရာမနန်းမိုခမ်း၏ ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်
May 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်က သိန္နီမြို့ရပ်ကွက်(၃)တွင် လိုက်လံ ဆောင်ရွက်ခဲ့သည်။
သိန္နီမြို့၌ အမျိုးသမီးအသင်း(Women Club )အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
May 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဝါသနာတူကလပ်အသင်းများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club)များ ဖွဲ့စည်း၍ ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Women Club အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လေဘေးသင့်ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တက်ရောက်
May 20,2023
မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖနှင့် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မိုင်းဆတ်ခရိုင်(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
May 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီက အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှန်(၃)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
May 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ၏ ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ရေသန့်ဘူး၊ စားစရာမုန့်နှင့် ဖိနပ်များလှူဒါန်းပေးအပ်ပွဲကို ရှင်ပင်ဘုန်းပွင့်အာရုံခံ ဘုရားတန်ဆောင်း အတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက် နေပြည်သူများအား ပေးအပ်ခဲ့သည်။