အထက (ကျွန်းလှ) ၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆက်လက်ဆောက်လုပ်

ကျွန်းလှ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထက(ကျွန်းလှ)တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ထိုနှစ်ထပ်ကျောင်းဆောင်သစ် အလျား ၁၂၀ ပေ၊ အမြင့် ၃၀ ပေ၊ Steel Structure ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာက စတင်ပြီး တင်ဒါအောင် မြကျွန်းပြည်သာ ကုမ္ပဏီက အဆောက်အဦ၏ ၅၀ ရာခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ