သတင်းများ

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းဘေးကြောင့် အိမ်ပြို၊ အမိုးလန်ခဲ့ရသည့်နေအိမ်များအား မီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကူညီရှင်းလင်းပေး
May 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မေလ ဒုတိယပတ်အတွင်း မိုးသက်လေပြင်းဘေးကြောင့် အိမ်ပြို၊ အမိုးလန်ခဲ့သည့်နေအိမ်များအား မီးသတ်တပ်ဖွဲ့ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ကူညီရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများဆောင်ရွက်
May 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  ဥတ္တရသီရိရပ်ကွက်အတွင်းရှိ လူမှုဖူလုံ‌ရေးဝန်ထမ်းအိမ်ရာများနှင့် ချင်းရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခမဲ့ ကွင်းဆင်းကုသ
May 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းကုသပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှု‌ကြောင့် အမိုးဆန်းရှိတ်ပြုတ်ကျ လမ်းပိတ်ဆို့မှုမရှိစေရေး ဖယ်ရှားရှင်းလင်းဆောင်ရွက်
May 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ည‌နေပိုင်းက မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်သို့ အမိုးဆန်းရှိတ်ပြုတ်ကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်‌ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ကလေးခရိုင် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန် ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
လဲချားမြို့နယ် စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.လ.ကကျောင်းနှင့် အထက(ခွဲ)နောင်မိန်းကျောင်းတို့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်က ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ပါသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
May 20,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏသွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ပုသိမ်ခရိုင်အတွင်း နွေစပါး၊ ပဲတီစိမ်း ဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃) ကျင်းပ
May 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း နွေစပါး၊ပဲတီစိမ်းဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။