သတင်းများ

ငါန်းဇွန်မြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ
May 20,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ရတနဃရ သာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကလေးငယ်များကို အခြေခံ ကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့် သုံးတတ်စေရန်၊ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို မေ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲက အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ခင်းကျင်းပြသ
May 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်အား လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသထားလျက်ရှိသည်။
“TILOG-LOGISTIX 2023” ပွဲကြီးသို့ မြန်မာနိုင်ငံ LOGISTICS ကဏ္ဍမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်
May 20,2023
ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန (DITP) နှင့် အာဆီယံ၏ထိပ်တန်း ပြပွဲဖြစ်မြောက်ရေးအဖွဲ့ RX Tradex တို့မှပူးပေါင်းကျင်းပသည့် (၆) ကြိမ်မြောက် “TILOG-LOGISTIX 2023” ပွဲကြီးအား အာဆီယံနိုင်ငံများနှင့် အခြားပူးပေါင်း (၆)နိုင်ငံ ပါဝင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bangkok International Trade and Exhibition Centre တွင်၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ တီထွင်ဖန်တီးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ်‌ ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က တောင်ဇင်းဝအနီး သဖန်းချိုကျေးရွာအုပ်စု၊ ဝေဠုဝန်ကျေးရွာ ကျေးရွာပိုင်မြေပေါ်တွင် ကျင်းပခဲ့သည်။
တာလေမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေး သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေး
May 20,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ၊ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 20,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်က လိပ်အင်းရပ်ကွက်ရှိ အမက(စိန်ကုန်း)ကျောင်းဝင်းအတွင်း၌ မြို့နယ် သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။
ပူတာအိုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဆန်စက်လက်တွေ့စမ်းသပ်ကြိတ်ခွဲမှုများပြုလုပ်
May 20,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သမဝါယမဦးစီးဌာန အဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် “ဆန်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ကပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေ ကျပ်သိန်း (၃၅၀)ဖြင့် တစ်ရက်လျှင် ပျှမ်းမျှစပါးတန်ချိန်(၁၈)တန်ကြိတ်ခွဲနိုင်သည့် ဆန်စက်အား တည်ဆောက် ပြီးစီးခဲ့ရာ မေ(၁၉)ရက်နေ့လည်ပိုင်းက လက်တွေ့စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီး စပါးများ စတင်ကြိတ်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးပညာပေးသင်တန်းဖွင့်လှစ်ပြီးမိုးစပါးမျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးအပ်
May 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် မေလ ၁၈ရက်နေ့နံနက် ၁၀နာရီ အချိန်က မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအားဖိတ်ကြား၍ မိုးစပါး မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခဲ့ပြီး မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး ပညာပေးသင်တန်း ဖွင့်လှစ် ဆွေးနွေးခဲ့ကြောင်း သိရသည်။